Skip to content

Cart

Your cart is empty

Article: Interesting Facts On Beryl

Interesting Facts On Beryl

Interesting Facts On Beryl

Berylအုပ်စုထဲမှာတော့ကျောက်တွေရဲ့အရောင်နှင့်အသွင်အပြင်အရအုပ်စုတွေထပ်ခွဲခြားထားပါသေးတယ်နော်။ beryl ကျောက်အုပ်စုထဲမှာပါတဲ့ လူကြိုက်များပြီးနာမည်ကြီးတဲ့ ကျောက်တွေကတော့  မြ (အစိမ်းရောင်) ၊မြပြာ(စိမ်းပြာရောင်အပြာရောင်)၊morganite(ပန်းရောင်လိမ္မေ်ာရောင်)heliodor(အဝါစိမ်းဝါရောင်),goshenite (အရောင်မရှိသော) နှင့် အစိမ်းရောင် beryl (စိမ်းနုရောင်) တို့ပဲဖြစ်ပါတယ်။ berylအုပ်စုထဲမှာ မြကိုတော့လူသိများပေမယ့် ၂၀၁၀ လောက်ကစပြီးတော့ morganite  ကလည်း လူကြိုက်များပြီး ဈေးကြီးလာခဲ့ပါတယ်နော်။Beryl အုပ်စုထဲကကျောက်အများစုက မြေကြီးထဲမှာ အကြောလိုက်ဖြစ်ပေါ်ကြပါတယ်။ Colombia နဲ့ Zambia နိုင်ငံမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မြ နှင့် beryl ကျောက်အမျိုးအစားများစွာထွက်ရှိပါတယ်။

Beryl အုပ်စုထဲက ကျောက်တွေကိုခွဲခြားရာတွင် အရေးကြီးဆုံးကတော့အရောင်ဖြစ်ပါတယ်။ ဥပမာအစိမ်းဆိုရင် မြ ၊  စိမ်းပြာရောင် ဆိုရင်တော့ aquamarine  နှင့် ပန်းရောင်ဆိုရင်  morganite ဆိုပြီးခွဲခြားထားကြပါတယ်။

ဒါပေမယ့် beryl ကျောက်အုပ်စုတွေထဲမှာပဲ အမျိုးအစားအပေါ်မူတည်ပြီး တစ်ချို့ဆိုရင် အောင်းဝင်မှုတွေအများအပြားပါဝင်ပြီး တစ်ချို့ဆိုရင်တော့ အောင်းဝင်မှု ကင်းရှင်းတတ်ပါတယ်။ဥပမာ  aquamarine, heliodor နဲ့ morganite တွေကတော့ Type I ကျောက်မျက်အုပ်စုထဲမှာပါဝင်သည့်အတွက် အောင်းဝင်မှု ကင်းစင်တတ်ပါသည်။

သို့သော်  မြကတော့ Type III  ကျောက်မျက်အုပ်စုထဲမှာပါဝင်သည့်အတွက် အောင်းဝင်မှုနှင့် ကွဲအင်များစွာပါဝင်တတ်ပါသည်။ ဒါကြောင့် မြ အများစုကို စစတူးဖော်ရရှိတဲ့အချိန်မှာ ဆီထဲကို အရင်စိမ်ပြီးမှသာ ဈေးကွက်ထဲမှာရောင်းချကြတာကိုတွေ့ရပါတယ်။

Beryl တွေရဲ့ ခံနိုင်ရည်ရှိမှုသည် အသင့်အတင့်ရှိပြီး သူရဲ့ မာဆင့်ကတော့ ၇.၅ မှ ၈ အထိရှိပါတယ်။ တစ်ချို့ beryl အုပ်စုထဲကကျောက်မျက်တွေကိုနေ့စဉ်ဝတ်ဆင်နိုင်သော်လည်း Type III beryl ကျောက်အုပ်စုထဲမှာပါတဲ့မြရဲ့အသွင်အပြင်ကြောင့်တစ်ခါတစ်လေကျိုးပဲ့တာတွေကြုံရတတ်ပါတယ်နော်။

တစ်ချို့သော beryl အုပ်စုတွေကတော့ Chatoyancy လို့ခေါ်တဲ့ ကြောင်မျက်လုံး “cat’s-eye effect” ရှိတတ်ကြပါတယ်။Chatoyancy ဆိုတာက ကျောက်တွေရဲ့မျက်နှာပြင်ကို မီးထိုးကြည့်တဲ့အခါမှာ “cat’s-eye effect” လို့ခေါ်တဲ့ ကြောင်မျက်လုံးပုံစံ  ကြိုးလေးတွေကိုတွေ့ရတာကိုခေါ်ပါတယ်။တစ်ချို့ aquamarines ၊ golden beryl နဲ့ မြတွေမှာဆိုရင်တော့ လှပတဲ့ chatoyancy တွေကိုတွေ့ရမှာပဲဖြစ်ပြီး အဲဒီကျောက်မျက်တွေကိုတော့ လုံးချော (Cabochon) ပုံသွေးကြပြီး လှပတဲ့ Collection လေးအဖြစ်ဖန်တီးကြပါတယ်။

(ဓာတ်ခွဲခန်းတွင်ထုတ်လုပ်သော beryl (Synthetic Beryl )တွေကိုတော့ ၁၉၃၀ ခုနှစ်လောက်တည်းက ထုတ်လုပ်ခဲ့ကြပြီး သူတို့ဟာဆိုရင် သဘာ၀ beryl တွေနဲ့ အသွင်ပြင်၊  ဓာတုဗေဒ အကုန် တူညီကြပါတယ်။ Synthetic Beryl တွေကိုတော့  hydrothermal နည်းဖြင့်ထုတ်လုပ်ကြပြီး  မှန်ဘလူး အောက်တွင် အလင်းနှင့်ကြည့်လျှင် ရေ လှိုင်းပမာရှိတဲ့ဖွဲ့စည်းပုံတွေကိုတွေ့မြင်ရပြီး အဲဒါကတော့ သဘာ၀ beryl တွေမှာမမြင်ရတဲ့ လက္ခဏာ ပဲ ဖြစ်ပါတယ်။

မတူညီတဲ့ Beryl ကျောက်အမျိုးအစားသည် မတူညီတဲ့မွေးလတွေကို ကိုယ်စားပြုပါသည်။ ဥပမာမြကမေလမှာမွေးသူတို့ရဲ့မွေးလကျောက်ဖြစ်ပြီးပြန်လည်ရှင်သန်လာခြင်းကိုကိုယ်စားပြုပါသည်။Aquamarineကတော့မတ်လမှာမွေးဖွားသူတို့ရဲ့မွေးလကျောက်ဖြစ်ပြီးငြိမ်းချမ်းခြင်း၊တည်ငြိမ်အေးဆေးခြင်းတွေကိုကိုယ်စားပြုပါတယ်။morganiteကိုတော့စိန်နဲ့တွဲပြီးHaloဒီဇိုင်းလက်စွပ်တွေပြုလုပ်ဝတ်ဆင်ကြပြီးချစ်ခြင်းနှင့်ယုံကြည်မှုရှိခြင်းတို့ကိုသင်္ကေတပြုသလိုတစ်ခြားသောberylအုပ်စုထဲကကျောက်တွေကိုလူတွေကနှစ်သက်အသုံးပြုကြကြောင်းတွေ့ရှိရပါတယ်ရှင့်။

Read more

Interesting Facts On Citrine

Interesting Facts On Citrine

Citrine is suitable for use in jewelries with big center stones. / Image source: https://www.bannerjewellery.com Citrine is they yellow variety of quartz and is the most sought-after in the gemston...

Read more
Gold Purity And Color Guide

Gold Purity And Color Guide

Gold is categorized into different Karats according to the different ratio of gold involvement.  Karat or Karatage refers to how much pure gold is included in a piece of gold bar or gold jewelry. T...

Read more